Friday, May 25, 2012

အင်အားသုံး ဖြိုခွင်းခြင်း မပြုရန် ၈၈ ကျောင်းသား များက အလုပ်ရှင် များထံ ပန်ကြား

အင်အား သုံးဖြိုခွင်းခြင်း မပြုရန် ၈၈ကျောင်း သားများ က အလုပ်ရှင်များ ထံပန်ကြားအလုပ်သမား အခွင့် အရေး တောင်းဆိုမှုများတွင် အကြမ်းဖက် ဆူပူခြင်း၊ အင်အားသုံး ဖြိုခွင်းခြင်း နည်းလမ်းများကို ၈၈ မျိုးဆက် ကျောင်းသားများက လုံးဝ သဘော မတူကြောင်း အလုပ်ရှင်များ သို့ ပန်ကြားစာ တစ်စောင် ကို မေလ၂၃ ရက်နေ့ တွင် ထုတ်ပြန် လိုက်သည်။

‘တိုက်ရိုက်ကြီးတော့ မတွေ့ ရဘူး အာဏာပိုင် အဖွဲ့ အစည်းနဲ့ မတွေ့ ရဘူး အလုပ်ရှင်က ခန့် ထားတဲ့ လုံခြုံရေး တွေနဲ့ ဆွဲလား တွန်းလာ တွေ့ ခဲ့ရတာ ရှိတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ မှ ကိုအံဘွယ်ကျော်က ပြောသည်။ ထိုကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဖြစ်ပေါ်လာသော ပြသာနာများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့် တစ်ဖက် လေးစားမူ များဖြင့် ညှိနှိုင်း အဖြေရှာ ကြစေလို သည်ဟု ပန်ကြားလွှာတွင် ထည့်သွင်း ရေးထားသည်။

“အလုပ်သမား ၀န်ကြီး ဌါနကိုလဲ စာပို့ ထားပါတယ် ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ တစ်ဖွဲကို ဖွဲ့စည်းပေးဖို့ အကူ အညီ တောင်းတဲ့ သဘောနဲ့ စာပို့ ထားတာပါ” ဟု ကိုအံ့ဘွယ်ကျော် ကပြော သည်။ မေလဆန်း မှ စ၍ အလုပ်သမားများ ဆန္ဒပြမူ့ ဆက်တိုက် ဖြစ်ပေါ်နေပြီး စက်ရုံ ၂၀ ခန့်ထိ ရှိလာပြီ ဖြစ်သည်။

0 comments :

Post a Comment