Friday, May 25, 2012

ကန်ထရိုက် များကို စည်ပင်ခွန် ကျပ် သိန်း တစ်ရာမှ ငါးရာအထိ တိုးမြှင့်

ကန်ထရိုက်များကို စည်ပင်ခွန်ကျပ်သိန်းတစ်ရာမှ ငါးရာအထိ တိုးမြှင့်မြို့တော် စည်ပင် နယ်နိမိတ် တွင်းရှိ အဆောက်အအုံ များဆောက်လုပ် ရန် မြို့တော် စည်ပင် ခွန်ကို ကျပ် သိန်းတစ်ရာမှ ကျပ်သိန်းငါးရာသို့ တိုးမြှင့်လိုသည့် အတွက် အသေး စားကန် ထရိုက် လုပ်သူ များ၊ အခန်း ပေးအခန်း ယူစနစ်ဖြင့် လုပ်ကိုင် သော မြေ ရှင်နှင့် ကန်ထရိုက်များ အကျပ်ရိုက်နေကြကြောင်း ကန် ထရိုက်လုပ်ငန်းရှင်များက ပြော ကြားသည်။

"စည်ပင်ခွန်က သိန်းငါးရာ ဆိုတော့ ကန်ထရိုက်တာ ကြီးတွေအတွက်တော့ဘာမှ မဖြစ်လောက် ပေမယ့်ရပ် ကွက်တွေထဲမှာဆောက် တဲ့ အသေးစား ကန်ထ ရိုက်တွေ အဖို့တော့ အဲဒီလောက် သွင်းထား ရမယ်ဆိုတော့ အချို့ကန်ထရိုက် လိုင်စင် ငှားလုပ်တဲ့သူတွေ လိုင် စင်ကြေး မြင့်လာလိမ့်မယ်" ဟု Three Friendsဆောက်လုပ်ရေး မှအုပ်ချုပ်သူဦးကိုကိုလေးက ပြော သည်။ မြို့တွင်းအဆောက်အအုံများ ကို ဆောက်လုပ်ရာ၌ ကန်ထရိုက် လုပ်သူများမှာ ကိုယ်ပိုင်ကန်ထ ရိုက်လိုင်စင်ဖြင့် လုပ်ကိုင်သူရှိသ ကဲ့သို့ ကန်ထရိုက်မဟုတ်ဘဲ လိုင် စင်ရကန်ထရိုက်ဆီမှလိုင်စင်ငှားရမ်း ၍ လုပ်ကိုင်သူများလည်း ရှိကြောင်း နှင့် လက်ရှိ ကန်ထရိုက်အငှားလိုင် စင်ကြေးမှာ ကျပ့်၁၂သိန်းခန့်ဖြင့် ငှားရမ်းရကြောင်း ဦးကိုကိုလေး က ပြောသည်။ "သိန်းငါးရာ ရင်းထားရတော့ ၁၂ သိန်းနဲ့တော့ လက်မှတ်ထိုး ပေးနိုင်မှာ မဟုတ်ဘူး။ ပျမ်းမျှ တစ်ဝက်လောက်တော့ တက်လာ နိုင်တယ်"ဟု တာမွေမြို့နယ်မှ ကန်ထရိုက်တစ်ဦးက7 Day News သို့ ပြောသည်။

"အခုလည်း သုံးလတော့ အ ချိန်ပေးထားတယ်ဆိုတော့ သွင်း နိုင်လိမ့်မယ်တော့ထင်တယ်။ ဒါ ပေမဲ့လည်း ငွေက အသေဖြစ် တော့ မြေရှင်နဲ့ ကန်ထရိုက်နှစ်ဦး နှစ်ဖက် ဘယ်လို လုပ်မလဲ။ အ ကျပ်ရိုက်နေကြတယ်"ဟု ကန်ထ ရိုက်တစ်ဦးက ထပ်မံပြောသည်။ အဆောက်အအုံစည်ပင်ခွန် တိုးမြှင့်ပြီးနောက် တိုက်ခန်းဈေး နှုန်းများ တက်ရန် မဖြစ်နိုင်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦး မြတ်သူဝင်းကပြောသည်။ "အနှစ်နှစ်ဆယ် အတွေ့အ ကြုံအရ ပြောရရင်တော့ စည်ပင် ကြေး ငါးသိန်းကနေ သိန်းငါး ဆယ်၊ အဲဒီကနေ သိန်းတစ်ရာ၊ အ ခုနောက်ဆုံး သိန်းငါးရာ တိုးလိုက် တယ်။ ပထမအကြိမ်နဲ့ ဒုတိယအ ကြိမ် တိုးတုန်းကတော့ အခန်းဈေး တွေ သိသိသာသာ မြင့်လာတာမ တွေ့ရဘူး။ ဘာတွေဒုက္ခဖြစ်လဲ ဆိုရင် ပေ ၂၅၊ ပေ ၃၀ ဆောက် ကြတဲ့ အခန်းပေး၊ အခန်းယူသ မားတွေတော့ အကျပ်ရိုက်မှာပဲ" ဟု ပြောသည်။

0 comments :

Post a Comment