Saturday, May 26, 2012

ချစ်သူကိုပြန်ချော့ထားတဲ့ သီချင်းတွေပါမယ့် ဥာဏ်လင်းအောင် ရဲ့ ဒုတိယစီးရီး


NyanLinAgဥာဏ်လင်းအောင်က သူ့ရဲ့ဒုတိယစီးရီးကို အကောင်အထည်ဖော်နေ တာ တော်တော်ပြီးသွားပါပြီ။ ဥဏ်လင်းအောင် ရဲ့ “အသင့်ရှိသူ”စီးရီးက အရမ်းအောင်မြင်တဲ့ အတွက် နောက်ထပ်အခွေက အရင်အခွေရဲ့အောင်မြင်မှုကို မကျော်နိုင်မှာ မျိုးကိုလည်း စိုးရိမ်မိပေမယ့် အကောင်းဆုံးတော့ကြိုးစားထားတယ်လို့ ဥာဏ်လင်းအောင် က ပြောပါတယ်။ တချို့က တစ်ခွေအောင်မြင်ရင် နောက်အခွေကို တန်းမထုတ်သေးဘဲ ခဏမှိန်းနေပေမယ့် ဥာဏ်လင်းအောင်ကတော့ ပရိသတ်နဲ့ အဆက် မပြတ်ချင် တာရယ်၊ သူပေးချင်တဲ့ ပုံစံလေးတွေကို ပရိသတ်ကိုချပြချင်တာရယ်ကြောင့် နောက်ထပ်တစ် ခွေကို တန်းပြီးစီစဉ်ဖြစ်တယ်လို့ ပြောပါတယ်။ သီချင်းအေးအေးလေးတွေနဲ့ပေါက်ခဲ့တဲ့ ဥာဏ်လင်းအောင်က နောက်ပိုင်းမှာ သူ့ကို သီချင်း အေးအေးလေးတွေနဲ့ပဲ တွဲမြင်မှာကို စိုးရိမ်ပြီး နောက်အခွေမှာတော့ သူ့အသံနဲ့ လိုက်ဖက်မယ့် အမြူးလေးတွေလည်း ထည့်ထားတယ်လို့ သိရပါတယ်။ “ရှိုးတွေဘာတွေတက်ရင် သီချင်းက အမြူးလို တယ်လေ။ ဒုတိယအခွေမှာတော့ အရမ်း လည်းမကြမ်း၊ အရမ်းလည်းမအေးဘဲ ကိုယ့်အသံနဲ့လိုက်မယ့် မော်ဒန်ရော့ခ်ပုံစံတွေတော့ ထည့်ထားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ သီချင်းအေးအေးလေးတွေ ဆိုရတာ ပိုနှစ်သက်ပါတယ်။ ဒါပေမဲ့ ပရိသတ်အားလုံး အဆင်ပြေအောင် နောက်အခွေမှာမျှပြီးလုပ် ထားပါတယ်” လို့ ပြောပါတယ်။ အရင်အခွေမှာတော့ အသည်းကွဲ သီချင်းတွေ များတဲ့အတွက် ကိုယ်တိုင်ကော အဲဒီလို ဇာတ်လမ်းလေး တွေရှိခဲ့ဖူးလားလို့ မေးတော့”ရှိတယ်ဗျ။ အခွေထွက်ပြီးမှ သီချင်းက စီးသွားတာလားမသိဘူး။ သီချင်းတွေ ထဲက အတိုင်း ဖြစ်ကုန်တာ။ အခွေမထွက်ခင်က တော်သေးတယ်။ သီချင်း လည်း ဆိုပြီးရော အဲဒီသီချင်း တွေထဲ ကလို တောက်လျှောက်ဖြစ်တာ။ နောက်အခွေထဲမှာတော့ သူ့ကိုပြန်ချော့တာတွေရော သူနဲ့ သူစိမ်းလူလိုဖြစ်နေတဲ့ပုံစံလေးတွေရော အစုံပြန်ထည့်ထားတယ်” လို့ပြောပါတယ်။
ရဲရဲ

0 comments :

Post a Comment