‘အစဉ်အလာပျက်ခြင်း’အခွေ ဗီစီဒီရိုက် ကူးဖို့ပြင်ဆင်နေတဲ့ မာရဇ္ဇက ”သီချင်းရဲ့ အကြောင်းအရာကို လိုက်ပြီးရိုက်ကူးဖြစ်မှာပါ။ အခုတော့ စီစဉ်နေပါပြီ။ မိုးကုန်ရင် စရိုက်ဖြစ်မှာပါ။ အခုလောလောဆယ် ကိုသန်းနိုင်ရှိုးမှာ သီချင်းဆိုဖို့ရှိတယ်။ ပလေးဘွိုင်းကိုသန်းနိုင်ဆိုတာက အရင်ကတည်းက လေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲလေ။ ငယ်ငယ်ကတည်းက လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ဂစ်တာစတီးကတည်းက သူ့သီချင်း တွေ စတီးခဲ့တာ။ ရော့ခ်ဂီတကို သူ့သီချင်းတွေ စနားထောင်ပြီးမှသိလာတာ။ အဲဒီသီချင်းတွေကြောင့်ပဲ ရော့ခ်ဂီတကို ကြိုက်နှစ်သက်သွားတာ။ နားလည်အောင်လည်း နား၊မျက်စိတွေ ဖွင့်ပေးခဲ့တယ်။ ဒီလိုပွဲမျိုးက နောက်ထပ်လုပ်ဖို့လည်း မလွယ် ဘူး။သမိုင်းအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ” လို့ပြောပါတယ်။
ရော့ခ်ဂီတသမား တစ်ယောက်အနေနဲ့ ရော့ခ်ကို စိတ်ဝင်စားနေတဲ့ လူငယ်တွေကို ဘယ်လိုအကြံဥာဏ်ပေး ချင်လဲ မေးကြည့်တော့”ဂီတနဲ့ပတ်သက်လာရင် ရိုးသား စေချင်တယ်။ ကြိုးစားစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂီတပြေးလမ်းက အရှည်ကြီးပဲ။ ဒီဘက်ခေတ်မှာ ပိုဆိုးတာက နေ့မြင်ညပျောက်တွေက အများကြီး ရှိတယ်။ အဲဒီလို ဂီတနဲ့ ပတ်သက်လာရင် လွယ်တယ်လို့ မထင်သင့်ဘူး။ လွယ်လွယ်ရတဲ့အရာ တစ်ခုက လွယ်လွယ်ပဲပြီး သွားမှာပါ။ သေသေချာချာလည်း လုပ်စေချင် တယ်။ဂီတရဲ့ အခြေခံသဘောလေးကို သိစေချင်တယ်။ ကိုယ့်စွမ်းအားရှိ သလောက်နဲ့ ရပ်တည်စေချင်တယ်၊၊ အနုပညာလမ်းကြောင်းဆိုတာက ကိုယ် တကယ်တော်မှ ရပ်တည်လို့ရမှာလေ။ ရှေ့မှာ သူများတကာတွေ အောင်မြင်နေရင်လည်း စိတ်ဓာတ်မကျ သင့်ဘူး။အခြေခံခိုင်တဲ့သူတွေကတော့ ရပ်တည်နေနိုင်တယ် အခြေခံမခိုင်တဲ့သူ တွေကခဏလေးပြီးသွားမှာပါ။ စိတ်ဓာတ်တော့ မကျသင့်ဘူး။ ခက်ခက်ခဲခဲနဲ့လုပ်လို့ရတဲ့ အလုပ်မှန်သမျှ ရေရှည်ခံမယ်။ လွယ်လွယ်ကူကူ နဲ့တော့ ဘယ်အောင်မြင်မှုမှ မရနိုင်ပါ ဘူး”လို့ ပြောပါတယ်၊၊
ထွဋ်မြတ်
0 comments :
Post a Comment