နှစ်တစ်နှစ်ရဲ့ အစဦးပိုင်းအချိန်များမှာ ဆုပေးပွဲတွေ တန်းစီနေတတ်ကြပါတယ်။ ကုန်ဆုံးသွားတဲ့နှစ်ရဲ့ ထူးချွန်ထက်မြက် အရည်အချင်း ပြည့်ဝသူများကို ချီးမြှင့်တဲ့ အနုပညာဆုချီးမြှင့်ပွဲ တွေဟာတစ်ခုပြီးတစ်ခု ဆက်တိုက် ဆိုသလိုကျင်းပလေ့ရှိပြီး နောက်ဆုံး OSCAR အကယ်ဒမီဆုချီး မြှင့်ပွဲနှင့် အဆုံးသတ်လေ့ရှိပါတယ်။ ဒီစာမူကိုရေး နေချိန်မှာ အော်စကာဆုပေးပွဲ ကျင်းပဖို့ တစ်ပတ် လောက်လိုသေးပေမယ့် စာမူကိုဖတ်နေရချိန်မှာတော့ OSCAR ပွဲက ပြီးသွားပြီဖြစ်ပါတယ်။ OSCAR
ဆုမချီးမြှင့်ခင်မှာ နောက်ဆုံးချီးမြှင့်တာ က အမေရိကန်နိုင်ငံမှာ GOLDEN GLOBES ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာကတော့ BAFTA ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံး ဆုကိုရရှိ သူဟာ အော်စကာရ ဖို့ သေချာသလောက်လည်း ဖြစ်တတ်ပါတယ်။ လွဲသွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ OSCAR ပြီးရင်တော့ GOLDEN GLOBES
က ဒုတိယလိုက်ပြီး တခြားဆုတွေထက် အဆင့်အတန်းမြင့် ဟိတ်ဟန်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ GOLDEN GLOBES ဆုပေးပွဲမှာလည်း အော်စကာပွဲနည်းတူ အမေရိကန်၊ ဗြိတိသျှနှင့် အခြားသော ရုပ်ရှင်၊ ရုပ်မြင်၊ ပြဇာတ်ဖျော်ဖြေရေးလောက အနုပညာရှင်တွေအားလုံးလိုလို တက်ရောက်ကြ တဲ့ ပွဲကြီးမဟာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်အနုပညာမြတ်နိုးသူတိုင်း စောင့်ကြည့်ကြ ရတဲ့ ပွဲလည်းဖြစ်ပါတယ်။ မင်းသမီးကြီးငယ်များ အားလုံး ဖက်ရှင်ပုံစံ အမျိုးမျိုးနှင့် SHOW ပြကြ တဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ်။ GOLDEN GLOBES အတွက် ဆန်ခါတင်ရွေးချယ်ခံရတဲ့ မင်းသမီးတွေ ၃၄ ယောက်ရှိတဲ့အပြင် စင်မြင့်ထက်မှ တင်ဆက်သူ မင်းသမီး တစ်ဒါဇင်ကျော်ရှိတာ ကြောင့် ခမ်းနားကြီးကျယ်တဲ့ ဖက်ရှင်ပွဲကြီးလို့ လည်း ဆိုနိုင်ပါတယ်။ တင့်တယ်လှပ၊ အသရေရှိ တဲ့ ဖက်ရှင်များတွေ့ရှိရသလို ကျွမ်းကျင်လိမ္မာတဲ့ ဒီဇိုင်နာတွေရဲ့ လက်ရာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ရင်ဘတ်ပေါ် ပေါင်လည်ထိခွဲထားတဲ့ ဝတ်စုံမျိုးထက် သပ်ရပ်တိပအချိုးကျမှုကြောင့် ဆွဲ ဆောင်နိုင်စွမ်းရှိတဲ့ ဝတ်စုံတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေပဲ ဆုရရ၊ ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ဝတ်စားဆင်ယင်မှုကြောင့် အများကြားမှာထင်းခနဲ၊ လင်းခနဲ ပြိုးပြက်လှပ ထင်ရှားကြသူများကို ဖော်ပြလိုက်ပါတယ်။
၁။ ‘BEST DRESSES’
GOLDEN GLOBES မှာ အကောင်းဆုံး ဝတ်ဆင်မှုအဖြစ် အရွေးချယ်ခံရသူများကတော့ ဒီဇိုင်နာ JASON KILL ရဲ့ ဒီဇိုင်းအပြာရင့် ကတ္တီပါဝတ်စုံနှင့် MICHELLE WILLIAMS ဒီဇိုင်နာ NAEEM KHAN လက်ရာဝတ်စုံ၊ ပန်း မရမ်းဖျော့ ငါးပိရောင်နှင့် JULIANNA MARGULIES နှင့် J.MENDEL ဝတ်စုံနှင့် CLAIRE DANES တို့ ဖြစ်ကြပါတယ်။
၂။ နုထွေးအိစက်ဝတ်စုံများ
တချို့သရုပ်ဆောင်များ ဝတ်ဆင်ထားတဲ့ အရောင်အသွေးများဟာ နူးညံ့ဖျော့တော့လွန်းလှ တာမို့ ပန်းနုရောင်၊ နှင်းဆီရောင်၊ အသားရောင် လို့တောင် သေချာ ခွဲခြားညွှန်း ဆိုရမှာ ခက်တယ်လို့ ဆိုပါတယ်။ ရှီဖွန် ORGANZA အထည်စများ နှင့် ချုပ်လုပ်ထားတဲ့ ဝတ်စုံများဟာ နူးညံ့ညင်သာ ဝဲဖြာကျနေပြီး တန်ဆာဆင်ထားတဲ့ ရွှေချည် ရွှေမျှင် ဘော်ကြယ်များဟာလည်း ရွှေမှုန်များ ကြဲပက်ထားတဲ့အလား ထင်မှတ်မှားရတယ်လို့ ဆိုပါတယ်။ ခုချိန်ခါ လျှောက်လမ်း တစ်လျှောက်မှာ တွေ့ရလေ့ရှိတဲ့ တောက်ပပြင်းရှတဲ့အရောင်များရဲ့ ဆန့်ကျင် ဘက်ဖြစ်ပြီး ချစ်စဖွယ်လှပတဲ့ပြောင်းလဲမှုလို့ ဆို ပါတယ်။ ဒီလိုဝတ်စုံမျိုးကို ဝတ်ဆင်ထားသူများ ကတော့ DIOR အဆင့်မြင့် ပွဲတက်ဝတ်စုံနဲ့ CHARLIZE THERON ၊ DKNY ဝတ်စုံနဲ့ KATHERINE MCPHEE ၊ GUCCI ဝတ်စုံနဲ့ JESSICAALBA MARCHESA ဝတ်စုံနဲ့ SHAILENE WOODLEY ၊ MICHAEL KORS ဝတ်စုံနဲ့ MARY J.BLIGE တို့ဖြစ်ကြ ပါတယ်။
၃။ လှပခန္ဓာရောင်စုံဖြာ
တောက်ပတဲ့အရောင်များနှင့်အတူ ငါးမြီး များသဏ္ဌာန်အောက်ပိုင်းမှာ ပျံဝဲဖြာကျတဲ့ဖက်ရှင် အလှများနှင့် ရွှန်းစိုတောက်ပနေသူများကတော့ ZAC POSEN ဝတ်စုံနှင့် REESE WITHERSPOON ၊ MONIQUE LHUILLIER ဝတ်စုံနဲ့ PAULA PATTON ၊ VERA WANG ဝတ်စုံနဲ့ MADDELEINE STOWE ၊ CHANEL
အဆင့်မြင့်ပွဲတက်ဝတ်စုံနဲ့ JULIANNE MOORE တို့ဖြစ်ကြပါတယ်။ ဖဲ TAFFETA တို့နဲ့ ချုပ်လုပ်ထားတဲ့ ကြိုးမဲ့၊ ကြိုးပျောက်ရင်သိုင်းအင်္ကျီ များကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားကြတဲ့ မင်း သမီးကြယ်ပွင့်များဟာ ကိုယ်ပိုင်လေ့ကျင့်ခန်း ဆရာများနှင့် သေချာလေ့ကျင့်ကစားထားကြတဲ့ အကျိုးဆက်ရလဒ်အဖြစ် လှပကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားကြသူများလည်း ဖြစ်ကြပါတယ်။
ဆန်းကြယ်ဖက်ရှင် အလှဆင်
GOLDEN GLOBES ဆုချီးမြှင့်ပွဲကြီးမှာ အာရုံဝင်စားစရာ အလှအပဖက်ရှင်အဆန်းအပြား များပြားစွာ ရှိနေကြတဲ့ကြားထဲမှာ အမြင်အာရုံကို ဖမ်းစားဆွဲဆောင်နိုင်တဲ့ ထူးခြားဆန်းကြယ် ဖက်ရှင်အဆင်တန်ဆာများလည်း တွေ့ရပါတယ်။ မင်းသမီး CHARLIZE THERON ရဲ့ ဖိတ်ဖိတ် လက်နေတဲ့ HEADBAND က လက်ဝတ်ရတနာ BRAND မဟာဖြစ်တဲ့ CHRTIER မှ ဖြစ်ပြီး လူတိုင်း သတိပြုမိစရာ အဆင်တန်ဆာဖြစ်ပါ တယ်။ THE HELP ရုပ်ရှင်မှာပါဝင်တဲ့ သရုပ် ဆောင်မင်းသမီးများကလည်း အကောင်းဆုံး ဝတ်ဆင်ထားတဲ့ ရုပ်ရှင်တစ်ခုရဲ့ဇာတ်ဆောင်များ ဖြစ်ကြပါတယ်။ အရောင်နု၊ ရင့်ဝတ်စုံများနဲ့လှပ ရွှန်းဖြာနေကြတာ တွေ့ရပါတယ်။ နာမည်ကျော် မင်းသမီး SALMA HAYEK ရဲ့ LORRAINE SCHWARTZ နားဆွဲများနှင့် ဆန်းကြယ်တဲ့ အပေါ်ပိုင်းဖက်ရှင်ဒီဇိုင်းနဲ့ GUCCI ဝတ်စုံက လည်း အာရုံဝင်စားစရာဖြစ် ပါတယ်။ ဆံပင်တို ထားတဲ့မင်းသမီး TILDA SWINTON ကလည်း သူ့ဆံကေသာအတိုကို အဆိုတော် DAVID BOWIE ပုံမျိုးပြင်ဆင်လာတာ ထူးခြားစွာ တွေ့ရ ပါတယ်။ မင်းသမီး ROONEY MARA ရဲ့ မျက်ဝန်းများက မှင်တက်စရာအလှတစ်ပါးဖြစ် သလို အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး JANE FONDA ကိုလည်း JACK GUISSO ရဲ့ ဝတ်စုံနှင့် နုပျိုစိုပြည်လှပစွာ တွေ့ရပါတယ်။ မင်းသမီး SOFIA VERGARA ကိုတော့ သူမရဲ့ အလိပ်လိပ်ထအောင် ဝဲဖြာကျနေတဲ့VERA WANGဝတ်စုံအောက်ပိုင်းနဲ့အတူ ရှုမငြီးစရာ အလှဖြာနေတာ ကို တွေ့ကြရပါတယ်။
တင်လတ်သန္တာဗိုလ်
0 comments :
Post a Comment