Saturday, May 26, 2012

သီချင်းနှစ်ပုဒ်လောက် နာမည်ကြီးရင် တော်ပါပြီဆိုတဲ့ လူတွေအတွက် ဇော်ဝင်းထွဋ်ရဲ့စကား


နှစ်တိုင်းနီးပါး တန်ဆောင်မုန်း လပြည့်နေ့ရောက်ရင် ဆေးပေါင်းခလေ့ရှိ တဲ့ ဇော်ဝင်းထွဋ်က ဒီနှစ်မှာတော့ ကျားပေါက် တို့S.I.Rအဖွဲ့နဲ့အတူ ဆေးပေါင်းခမှာ ဖြစ်ပါတယ်။ S.I.R အဖွဲ့ အပေါ်ဇော်ဝင်းထွဋ် က တော်တော်လေးကို အားရကျေနပ်မှုရှိနေပါပြီ။ ဒီအဖွဲ့ကိုလည်း သူကိုယ်တိုင်လေးစားရ ပါတယ်လို့ဆိုလာတဲ့ ဇော်ဝင်းထွဋ်က ”သူတို့ က အစ်ကိုတို့ထက်တောင် စိတ်ဓာတ်ပိုပြင်း သလိုပဲ။ ဒါနဲ့ပဲ သူတို့ရပ်တည်မှာလေ။ အဲဒါ လေးကို ပံ့ပိုးပေးလိုက်မယ်ဆိုရင် နောက် တက်လာမယ့် မျိုးဆက်သစ်တွေ အားလုံး အတွက် တကယ့်ကို ကောင်းမွန်တဲ့ဂီတလမ်း ကြောင်းတစ်ခု ရောက်သွားမှာပါ။ နို့မို့ဆို ဒီမှာ ပရမ်းပတာ ဖြစ်နေတယ်လေ။ အဆိုတော် တွေကလည်း ၂ ပုဒ်လောက် နာမည်ကြီးရင် တော်ပြီဆိုပြီး ဖြစ်ကုန်မှာစိုးရိမ်တယ်။ ၂ ပုဒ် လောက်နဲ့ နာမည်ကြီးဖို့က လွယ်လွယ်လေး ပါ။ လူတစ်ယောက်ကို မနက်ဖြန်၊ သဘက်ခါ နာမည်ကြီးအောင် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူ့မှာဝမ်းစာမရှိဘဲ၊ ခံယူချက်မရှိဘဲနဲ့ ဘယ်လိုဆက်ပြီးနေမလဲ၊ သူ့အတွက် သနား စရာကောင်းပါတယ်။ ကိုယ့်ယုံကြည်ရာကို ကိုယ်လုပ်မယ် ဆိုတဲ့ အခြေခံတစ်ခုတော့ လိုပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဇော်ဝင်းထွဋ်ကS.I.R အဖွဲ့ရဲ့ ရေရှည်စည်းလုံး ညီညွတ်မှုနဲ့ ပတ်သက်ပြီး ”စည်းလုံးမှုရှိဖို့တော့ လိုတယ်။ နောက်ပိုင်းမျိုးဆက်သစ်တွေကတော့ စည်းလုံးကြမှာပါ။ အရင်တုန်းကကျတော့ ခေတ်အခြေအနေအရ ပါတယ်။ နောက်အတွေးအခေါ်တွေနဲ့လည်း ဆိုင်တယ်။ အရင်တုန်းကလို မှန်တဲ့အယူအဆတစ်ခုကိုကိုင်ပြီး လောကကြီးကို ဒီအမြင်တစ်ခုတည်းနဲ့ ကြည့်တဲ့ခေတ်မဟုတ်တော့ဘူး။ ဒါကြောင့် ခါတိုင်းလိုတော့ မတွေးစေချင် တော့ဘူး။ အခုသူတို့က ခေတ်ပြိုင်တွေ အချင်းချင်းစည်းရုံးတယ်ဆိုတော့ ဂုဏ်ယူရမယ့်လုပ်ရပ်ပါ။ ခေတ်ပြိုင်တွေက ဘယ်တော့မှ မစည်းရုံးပါဘူး။ ခေတ်ပြိုင်ဆိုတဲ့ အ တိုင်း ပြိုင်ကြတော့တာပဲ။ အခု သူတို့ကမပြိုင်ဘဲနဲ့ ဂီတလောကတိုးတက်ဖို့၊ ဒီရော့ခ်ကို ဘယ်လိုပြန့်ပွားအောင်လုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းကြတာလို့ အစ်ကိုမြင်တယ်။ အဆင့်အတန်းရှိတဲ့ပွဲမျိုးတွေ ပိုများလာအောင်ဖွဲ့တဲ့ သဘောပဲလို့မြင်တယ်။ ဒါ ကြောင့် သူတို့ကိုလုံးဝကြိုဆိုတယ်။ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်တဲ့ အဲဒီကလေးတွေကို လည်း ချီးကျူးတယ်”လို့ ပြောပါတယ်။
လင်းအက္ခရာ

0 comments :

Post a Comment