စည်သူလွင်ရဲ့ဇနီးနွယ်မာကျော်က အခုဆိုရင် ရင်သွေး လွယ်ထားရတာ ၅လ ကျော် ၆လဝန်းကျင်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သားလား သမီးလားဆိုတာကို သိချင် နေပြီဖြစ်ပေမယ့်လည်း ဇနီးဖြစ်သူမွေးလာ တဲ့ကလေးက သားပဲဖြစ်ဖြစ်၊သမီးပဲဖြစ်ဖြစ် ကိုယ့်သားသမီးပဲ ဖြစ်တဲ့အတွက် ချစ်ရမှာပဲ ဖြစ်ပြီး သားလေးလိုချင်တယ် လို့ပြောထားပြီး မှ မွေးလာတော့ သမီးဖြစ်နေပြန်ရင်လည်း သမီးအပေါ်မမျှတရာ ရောက်မှာစိုးတယ်လို့ စည်သူလွင်ကပြောပါတယ်။ ကလေးကိုတော့ ပန်းလှိုင်ဆေးရုံ မှာပဲ မွေးဖို့များကြောင်း၊ ဇနီး ဖြစ်သူဆီမှာ ရင်သွေးလွယ်ထား ရပြီဆိုတာ သိရတဲ့နောက်ပိုင်းမှာ အလုပ်တွေကို အရင်ကထက် ၂ဆပိုပြီး လုပ် ဖြစ်လာကြောင်း၊ နှစ်ယောက်တည်း မဟုတ်တော့ဘဲ မိသားစုက တိုးလာတော့မှာ ဖြစ်တဲ့အတွက် တိုးလာမယ့် ကလေးရဲ့နောင်ရေးအတွက် ကြိုတင်စိတ်ကူး တွေနဲ့ ပျော်နေမိကြောင်း စည်သူလွင်က ပြော လာပါတယ်။ မိသားစုကတိုးလာတော့ မှာ ဖြစ်တဲ့အတွက် အနုပညာ အလုပ်အပြင် တခြားစီးပွားရေးကိုလည်း လုပ်ဖြစ်ဦးမလားလို့ မေးတော့ ”တခြားစီးပွားရေးအနေနဲ့ လုပ်ဖြစ် မှာ မဟုတ်ပါဘူး။ အနုပညာနဲ့ ဆက်စပ်တဲ့ စီးပွားရေး အလုပ်မျိုးကိုပဲ ပိုစိတ်ဝင်စားပါတယ်။ အရင်တုန်းကဆိုရင် တေးထုတ်လုပ်ရေး လုပ်ငန်း ကို လုပ်ခဲ့ဖူးတယ်။ အဲဒီလိုလုပ်ငန်းမျိုးလေးကိုပဲ ပြန်ပြီးတော့ စိတ်ဝင်စားတယ်။ အဲဒါမဖြစ်နိုင် ဘူးဆိုမှ တခြားစီးပွားရေးကိုလုပ်ဖြစ်မယ်” လို့ ပြောပါတယ်။ စည်သူလွင်အနေနဲ့ တေးထုတ်လုပ်ရေး လုပ်ငန်းကို မလုပ်ဖြစ်တော့တာ ၁ဝ နှစ်ဝန်းကျင် လောက်ရှိခဲ့ပြီဖြစ်ပြီး ကြားထဲမှာ ကိုယ့်ရဲ့အခွေကိုပဲ မူပိုင်လုပ်ပြီး ထုတ်ဖြစ်တော့ ပါတယ်။
လင်းအက္ခရာ
0 comments :
Post a Comment