Saturday, May 26, 2012

ICအနှစ် ၂ဝ အခွေကို အမြန်ဆုံးပြီးအောင် လုပ်နေတဲ့ချစ်စမ်းမောင်


IC တီးဝိုင်းကို သီချင်းလာအပ်တဲ့အခါ လူသစ်လူဟောင်းမခွဲဘဲ အားလုံးကို အတူတူပဲ အားစိုက်ပြီး တီးပေးတယ်လို့ ချစ်စမ်းမောင်က ပြောပါတယ်။ ”သီချင်းတီးတဲ့ နေရာမှာတော့ နာမည် ကြီးတဲ့ လူရောအသစ်ရော အားလုံးကတော့ အားစိုက်ရတာချင်း အတူတူပါပဲ။ ခံစားချက်က လည်း တူတူပဲ။ ကိုယ်က အတီးပိုင်းတာဝန် ယူထား တယ်ဆိုရင် အားလုံးကို အကျိုးရှိစေ ချင်တယ်။ တီးဝိုင်းနာမည်နဲ့  ဆိုတော့ အားလုံးကို အပြစ်လုပ်လို့မရဘူး။ တီးပြီ ဆိုကတည်းက ကြိုးစားမှုအတူတူပါ”လို့ပြောပါတယ်။
ဒီဘက်ခေတ်မှာ အမြင်ကျယ်လာပြီဖြစ် တဲ့အတွက် ကိုယ်ဝါသနာပါတဲ့ ဂီတပိုင်း တစ်မျိုးတည်းကိုပဲ အားစိုက်ပြီးလေ့လာတာ ထက်စာရင် အားလုံးကိုတော့ သိထားသင့် တယ်လို့ ချစ်စမ်းမောင်က ပြောပါတယ်။ ”ဂစ်တာသမား တစ်ယောက်က အားလုံးကိုတော့ လေ့လာသင့်တယ်။ အဲဒီမှာမှ ကိုယ်ကရော့ခ်ကို ပိုဝါသနာပါရင် ရော့ခ်ကို အဓိကလုပ်ပေါ့။ ကိုယ်ဝါသနာပါတာကို အရင်းခံပြီး ရှိတဲ့ပါရမီနဲ့ အမြဲတမ်းကြိုးစား သင့်တယ်လို့ လူငယ်တွေကို အကြံပေးချင် တယ်။ ကိုယ်ကကြိုးစားတဲ့လမ်းကြောင်းမှာ လမ်းမလွဲစေဖို့ပေါ့။ ဆေးလိပ်တို့ မူးယစ်ဆေးဝါးတို့ အရက်တို့ မရောနှောဘဲနဲ့ ဝါသနာပါတဲ့ လမ်းကြောင်းကို တည့်တည့်မတ်မတ် လျှောက်မယ်ဆို အောင်မြင်မှု ရမှာပါ”လို့ ပြောပါတယ်။ ချစ်စမ်းမောင်ဆိုပြီး နာမည်တစ်လုံး ထူထောင်နိုင်ခဲ့တဲ့ အပေါ်ကိုလည်း”အဓိကကတော့ ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယ နဲ့နောက်ပြီး ပါရမီအဲဒီအပေါ်မှာ အခြေခံပြီး လမ်းမလွဲဘဲနဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့လို့ အထိုက်အလျောက်အခုလို ခံစားခဲ့ရတယ်လို့ ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ဂစ်တာသမား တစ်ယောက် ဖြစ်ချင်တဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ဘယ်နှနာရီ အချိန်ဘယ်လောက်လေ့ကျင့်ရမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးတော့ အားမပေးဘူး လို့ ပြောတဲ့ ချစ်စမ်းမောင် က… ”ကျွန်တော်တို့ဆိုရင် အချိန်ဘယ်လောက် ဆိုပြီးသတ်မှတ် မထားဘူးပေါ့။ မု(ဒ်)ဝင်ရင် ဝင်သလိုတော့ တီးဖြစ်တာပေါ့။ အဓိကကတော့ စိတ်ပါပဲ။ တစ်နေ့မှာ ဘယ်နှ နာရီ ကျင့်မှရမယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ စိတ်ပါရင် တစ်ခါတလေ ညသန်းခေါင်လည်း ထတီးရင် တီးတာမျိုးရှိတယ်”လို့ပြောပါတယ်။ ခုနောက်ပိုင်းNew Generation Band တွေဟာ အရင်ကလို ဂစ်တာ solo တွေ သိပ်မတီးကြတော့ပါဘူး။ အဲဒီအပေါ်မှာ ချစ်စမ်းမောင်က”အခုနောက်ပိုင်း ဂီတပုံစံတွေက ဂစ်တာတွေကို အဓိကထားပြီး တီးတာဖြစ်တဲ့အတွက် solo မပါလည်း သီချင်းကလှပါတယ်။ သီချင်းကို စီစဉ်တဲ့ အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့စီစဉ် ရင်တော့ solo ထည့်မှာပဲ။ တချို့ကျတော့ လည်း solo နေရာမှာ teamwork အနေနဲ့ ပဲ အစားထိုးပြီး တီးသွားတာလည်းရှိပါတယ်” လို့ပြောပါတယ်။ ချစ်စမ်းမောင်က IC Band အနေနဲ့ လူသစ် တွေကိုလည်း တွဲခေါ်ဖို့ရှိပြီး အချိန် အခါအရ တစ်ချိန်ချိန်တော့လုပ်ဖြစ်မယ်လို့ ပြောပါတယ်။ Instrumental သီးသန့်လုပ်ဖို့ ရှိတဲ့ ချစ်စမ်းမောင်က ဂစ်တာသင်တန်း အနေနဲ့တော့ မဖွင့်ဖြစ်လောက်ဘူးလို့ ဆိုလာပါတယ်။ ချစ်စမ်းမောင်တို့ရဲ့ စတူဒီယိုမှာ လောလာဆယ်တော့ ဝိုင်ဝိုင်း၊ ဇော်ပိုင်၊ နောနော်၊ ရေဗက္ကဝင်းတို့ရဲ့ အခွေတွေ ကိုလုပ်နေပြီး IC အနှစ်၂ဝ စီးရီးကိုလည်း အမြန်ဆုံးပြီးနိုင်aအာင် လုပ်နေတယ်လို့ ချစ်စမ်းမောင်က ပြောပြခဲ့ပါတယ်။
ရဲရဲ

0 comments :

Post a Comment