ဂျပန်နိုင်ငံရဲ့ အပတ်စဉ်မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ အိုရီကွန်ရဲ့ Onlystar Oricon ကဏ္ဍအတွက် စစ်တမ်းကောက် ယူခဲ့ရာမှာ ဂျပန်လူမျိုးတွေအကြိုက်ဆုံး ၂ဝ၁၁ ခုနှစ်ရဲ့ ကိုရီးယားစတား နေရာ ကို ရခဲ့တာကတော့ အဆိုတော်မိန်းမချောလေးများဖြစ်တဲ့KARA အဖွဲ့ပဲဖြစ်ပါတယ်။SNSD တော့ ဒုတိယနေရာရခဲ့ပြီး တတိယနဲ့နောက်ထပ်လူ ကြိုက်အများဆုံး နေရာတွေကို ရရှိခဲ့သူတွေကတော့Jang Geun Suk, TVXQ နဲ့ 2PM ဖြစ်ကြပါ တယ်။KARAအဖွဲ့ရဲ့ဒုတိယအခွေဖြစ်တဲ့ Super Girl’ ဟာ အိုရီကွန် စစ်တမ်းမှာထိပ် ဆုံးနဲ့ရောင်းအားလည်းအများဆုံးဖြစ်နေလို့ အခုလိုအရွေးခံရတာပါ။ သူတို့ အဖွဲ့ဟာ ကြော်ငြာတွေလည်း အများအပြားရိုက်ရပြီး ဂျပန်မှာရေပန်းစားနေ တဲ့သူတွေလည်း ဖြစ်ပါ တယ်။SNSDကတော့လူကြိုက်များတဲ့စာရင်းမှာထိပ်ဆုံးကပါနေပေမယ့်လည်း ဒီနှစ်မှာ သူတို့အဖွဲ့က ကမ္ဘာနဲ့ချီပြီးရည်မှန်းကြိုး စားနေတဲ့အတွက် ဂျပန်မှာ ဒုတိယနေရာ ရောက်သွားတယ်လို့ဆိုရပါမယ် ။သူတို့ရဲ့ ပထမအချွေ’Girl s Generation’တုန်းက တော့ အခွေ ၆၃ဝဝဝဝ ကျော်ရောင်းခဲ့ ရပါတယ်။ You’re Handsome ဇာတ်ကားနဲ့ စတင်လူကြိုက်များခဲ့ပြီး Let Me Cry တစ်ကိုယ်တော်အခွေနဲ့ အိုရီကွန်ရဲ့ ထိပ်ဆုံးစာရင်းဝင်ခဲ့ပြီး တိုကျိုဒိုမဲမှာLive Concert ကျင်းပခဲ့တဲ့ ဂျန်ဂွန်ဆုတ်ကတော့ နံပါတ်၅ နေရာမှာတစ်ကိုယ်တော် အဆိုတော် အနေနဲ့ရပ်တည်အောင်မြင်လျက် ရှိပါတယ်။

0 comments :
Post a Comment