Saturday, May 26, 2012

တစ်ကိုယ်တော် ရှိုးအပြီး R ဇာနည်ရဲ့ အလှူ



ဒီဇင်ဘာ၂ရက်နေ့က ကျင်းပခဲ့တဲ့ Rဇာနည်ရဲ့ တစ်ကိုယ်တော် ရှိုးပွဲမှာ Rဇာနည်က တီရှပ်တွေ၊ မတ်ခွက်တွေကို အမှတ်တရ အနေနဲ့ရောင်းချ ခဲ့ပါတယ်။ အဲဒီ လို ရောင်းချငွေ ကို Rဇာနည်က မိဘမဲ့ ကလေးများ ဂေဟာတွေကို လှူဒါန်းဖို့ ဖြစ်ပြီး ပရိသတ် တွေနဲ့လည်း အတူ ရေစက် ဆုံချင်တာကြောင့် ရောင်းချ ခဲ့ခြင်းဖြစ် ပါတယ်။ အဲဒီနေ့က အမှတ်တရ ပစ္စည်းများ ရောင်းရငွေ စုစုပေါင်းက ၁၈သိန်း ရရှိခဲ့ပြီး ဒီဇင်ဘာ ၈ရက် နေ့မှာတော့ အဲဒီငွေများကို မိဘမဲ့ ဂေဟာများမှာ Rဇာနည်တို့ မိသားစုနဲ့ အတူ အနုပညာ ညီအစ်ကိုမောင်နှမများ စုံလင်စွာနဲ့ သွားရောက် လှူဒါန်း ခဲ့ကြပါတယ်။ ပထမဦးစွာ ဒီဇင်ဘာ ၃ရက်၊ မနက် ၁ဝ နာရီခွဲမှာတော့ ရွှေဂုံတိုင် လူမှု ဝန်ထမ်း ဦးစီးဌာန မိဘမဲ့ ကလေးများ ဂေဟာမှာ ငွေကျပ် ကိုးသိန်း လှူဒါန်းခဲ့ပြီး Rဇာနည် နဲ့ ဝမ်း တို့သားလေး ဖစ်ဖစ်တုန်ရဲ့ မွေးနေ့မှာ ရရှိခဲ့တဲ့ ကလေး ကစားစရာ အရုပ် များကိုလည်း လှူဒါန်း ခဲ့ပါတယ်။ Rဇာနည်တို့ မိသားစု နဲ့အတူ မေတ္တာသင်္ဂဟ အဖွဲ့သားများက လည်း အလှူငွေများ ထည့်သွင်း လှူဒါန်းခဲ့ ကြပါတယ်။ အဲဒီနောက် ကျိုက်ဝိုင်း လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းမှာလည်း နေ့လယ်စာ အလှူနဲ့ ငွေကျပ် ကိုးသိန်း ထပ်မံ လှူဒါန်း ခဲ့ကြပါတယ်။ ဒီလို လှူဒါန်း ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး Rဇာနည်က…
”အဲဒီနေ့က ပစ္စည်းရောင်းတဲ့ အရင်း ရော၊ အမြတ်ရော ၁၈သိန်းရတယ်။ အဲဒါကို ၉ သိန်းစီ လှူတာပေါ့။ ပွဲလုပ်ကတည်းက အလှူ လုပ်ဖို့ အစီအစဉ် ရှိတယ်။ ပရိသတ်နဲ့ အတူတူ ရေစက် ပါချင်တာလည်း ပါတာပေါ့။ အဲဒီနေ့ပွဲမှာ လာရောက် အားပေးကြတဲ့ ပရိသတ် အားလုံးကိုလည်း သိပ်ကို ကျေးဇူးတင်ပါတယ်။ ခုလို အလှူမှာ ကလေး လေးတွေ ပျော်နေတာ မြင်ရတော့ တအား ပီတိ ဖြစ်မိပါတယ်”လို့ ပြောပြပါတယ်။

ရဲရဲ

0 comments :

Post a Comment