Saturday, May 26, 2012

သက်ဝင်လှုပ်ရှား မြန်မာဝတ်စုံ ဒီဇိုင်းများ

မော်ဒယ် – သဇင်
မိတ်ကပ် – အဝင်း
ဒီဇိုင်နာ – မေမြတ်ဝါဆို(Happy Heart)
ဓာတ်ပုံ – ကိုလင်း (Studio K)

‘သက်ဝင်လှုပ်ရှား မြန်မာဝတ်စုံဒီဇိုင်းများ’ဆိုတဲ့ ကဏ္ဍလေးကို သက်ဝင်လှုပ်ရှားစေသူက တော့ သရုပ်ဆောင်အဆိုတော်သဇင်ပါ။ ပရိသတ် အတွက် သရုပ်ဆောင်ပိုင်း မှာရော၊ အဆိုပိုင်းမှာ ပါ ကြိုးစားနေတဲ့ သဇင်က မြန်မာအမျိုးသမီးများ အတွက် မြန်မာဝတ်စုံနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အကြံဥာဏ်ပေးထား တယ်ဆိုတာကတော့ …

မြန်မာဝတ်စုံလေးဝတ်ပြီး ဓာတ်ပုံရိုက်ရတဲ့အပေါ် သဇင်ရဲ့ ခံစားချက် …
မြန်မာဝတ်စုံဝတ်ရတာကို သဇင်ကိုယ်တိုင် လည်း ကြိုက်ပါတယ်။ ဝတ်လည်း ဝတ်ဖြစ်ပါ တယ်။ ကိုယ်ကြိုက်တဲ့ ဝတ်စုံနဲ့ရိုက်ရတဲ့အတွက် စိတ်ထဲမှာ ပိုပြီးကျေနပ် တာပေါ့နော်။

ခုခေတ်မှာ မြန်မာအမျိုးသမီး တော်တော်များများ က မြန်မာဝတ်စုံဝတ်ရမှာကို သိပ်မနှစ်သက်ကြဘူး လေ။ မြန်မာဝတ်စုံဟာ နေရထိုင်ရကျပ်တယ်လို့ ပြောနေကြတဲ့ အပေါ် သဇင်ဘယ်လိုပြောချင်ပါ သလဲ။
အခုခေတ်မှာ ပိတ်စတွေက လူကို သက် သောင့်သက်သာဖြစ်စေမယ့် အသားလေးတွေ ပေါ်လာပါပြီ။ အချို့ ready made မြန်မာဝတ်စုံ လေးတွေကလည်း အဆင်ြေ ပစေတာတွေ ရှိပါ တယ်။ မြန်မာဝတ်စုံကို လက်ရှည်ပုံစံမျိုးတွေ မဟုတ်ဘဲနဲ့ မြန်မာပုံစံကိုပဲ လက်တိုလေးတွေ ချုပ်ဝတ်လို့ ရပါတယ်။ ဒါမှမဟုတ် လက်ပြတ်ဆို ရင် လည်း ချိုင်းပြတ်လောက်ကလေးတွေကို အဲဒီ လိုမျိုး တွဲပြီးဝတ်ရင် ပိုပြီးတော့ သက်သောင့် သက်သာရှိပါတယ်။ ပိုပြီးလည်း သွားရလာရတာ လွယ်တယ်။ လုံခြုံမှုလည်း ရှိတယ်လို့ထင်ပါတယ်။ သဇင်အကြံပေးချင်တာကတော့ ပိတ်စအပျော့ သားလေးတွေကို မြန်မာအဝတ်အစားအနေနဲ့ ကိုယ့်မှာ idea ရှိရင်ရှိသလို ဒီဇိုင်းဆင်ပြီး လုပ်လို့ ရပါတယ်။ ပိုပြီးတော့တောင် ကောင်းသေးတယ် လို့ သဇင်ထင်ပါတယ်။

ဘယ်အချိန်အခါတွေမှာ မြန်မာဝတ်စုံကို နှစ်သက် စွာ ဝတ်ဆင်တတ်လဲ။
များသောအားဖြင့်တော့ လူကြီးတွေနဲ့သွား လာရင် ဝတ်ဖြစ်ပါတယ်။ ဘုရားသွားကျောင်းတက် တဲ့ အချိန်တွေမှာလည်း ဝတ်ပါတယ်။ ပြီးတော့ မနက်ပိုင်းဘုရားရှိခိုး တဲ့အချိန်မျိုးမှာလည်း ဝတ် ပါတယ်။

မြန်မာဝတ်စုံလေး ဝတ်ထားတဲ့ သဇင်အနေနဲ့ မြန်မာမလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ဖွင့်ဆိုပါဆိုရင် …
အဓိကကတော့ အဝတ်အစားနဲ့တော့ မဆိုင်ပါဘူး။ အဝတ်အစားက ဘယ်လောက်အထိ ပဲ မြန်မာဆန်ဆန်၊ ဘယ်လောက်အထိပဲ လုံခြုံမှု ပေးပေး အဓိကကတော့ ကိုယ့်ရဲ့စိတ်နေစိတ်ထား ဖြူစင်ဖို့ အရေးကြီးပါတယ်။
သီတာစိုး

0 comments :

Post a Comment