ဖေဖော်ဝါရီ (၂၆)ရက်၊ (၂၇)ရက်၊ ညနေ(၅)နာရီက သုဝဏ္ဏ လေ့ကျင့်ရေးကွင်းတွင် Grand Royal Planet Show ကျင်းပပြု လုပ်ခဲ့သည်။ ပါဝင်သီဆိုသည့် အဆို တော်များမွှျာဇာနည်၊ဟန်ထွန်း၊ ကောင်းမြတ်၊သားစိုး၊ ဖြူဖြူ ကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊Jenny၊ စန္ဒီမြင့်လွင်တို့ သီဆိုဖျော်ဖြေပေးပြီး Lazy Club Music Band ကတီးခတ်ပေးခဲ့သည်။ မြူးကြွတဲ့ ဂီတသံစဉ်များကို DJ Thaw Thaw က တင်ဆက်ပေးခဲ့သည်။Dancer များမှာStars Int’ ,Dance Studio မှ Dancer များLife & Dane Dancer, Uranium Dancer များK Family Dancer များကပြဖျော်ဖြေခဲ့ကြသည်။Stage ၏ခမ်းနားမှု၊ တစ်ဝင်းလုံး၏ အပြင် အဆင် များ လှပန်ဆန်းသစ်မှု အသံထွက်ကောင်းသော Sound System များနှင့်မီးဆလိုက်များ၏ ဆန်းသစ်ဖမ်းစားမှုကို လည်း မြင်တွေ့ခဲ့ရသည်။ ပွဲဝင်း ထဲစ ဝင်လိုက် သည်နှင့် အမှတ် တရဓာတ်ပုံရိုက်ခံမည့်မော်ဒယ်များ၊ Dancer များ၊ အစီ အစဉ် ဖျော်ဖြေတင်ဆက်မည့်သူများဝတ်ဆင်မည့် အဝတ် အစား Fashion Design များကိုလည်း ဘန်ကောက်မှ မှာယူထားပြီး ဆင်မြန်းပေးထားကြောင်းသိရသည်။ ထိုပွဲနှင့် ပတ်သက်ပြီး အဝတ်အစားများနှင့် အစစအရာ ရာ စိတ်တိုင်း ကျဖြစ်စေရန် ဂျွန်လွင်ကိုယ်တိုင်ဘန်ကောက်သို့(၁ဝ)ခေါက် တိုင်တိုင်သွားပြီး စီစဉ်ခဲ့ခြင်းဖြစ်သည်။
P-048
P-048
0 comments :
Post a Comment