Saturday, May 26, 2012

ဒရာမာကိုကြိုက်တဲ့ ပရိသတ်သီးသန့်ရှိပါတယ်လို့ ပြောတဲ့


23-Jan-2011“ကောင်းကင်လက်ရေး”ဆိုတဲ့ ဇာတ်ကား မှာ စိတ္တဇဆန်ဆန်ဇာတ်ရုပ်မျိုးနဲ့ သရုပ် ဆောင်နေတဲ့ မြင့်မြတ်က ဇာတ်ညွှန်းတစ်ခု ရပြီဆိုတာနဲ့ ဘယ်လိုအိုက်တင်မျိုး လုပ်မယ် ဆိုတာ အမြဲတမ်းကြိုတင်စဉ်းစားတယ်လို့ ပြောပါတယ်။ ဟာသကို သီးသန့် ကြိုက်တဲ့ ပရိသတ်နဲ့ ဒရာမာကို သီးသန့်ကြိုက်တဲ့ ပရိသတ်ရှိ တယ် လို့ ပြော တဲ့ မြင့်မြတ်က..”ကျွန်တော်က ဒရာမာမင်းသား လို့ပြော လို့ရပါတယ်။ဒါပေမဲ့ ကျွန်တော်က သရုပ် ဆောင်တစ်ယောက်ဖြစ်ချင်တာပါ။ ဒရာမာမင်းသားလို့ သီးသန့် ကြီး ခေါက်ရိုးကျိုးတာမျိုး မဖြစ်စေချင်ဘူး။ ဟာသရော၊ရိုမန့်ရော ပရိသတ်အားပေးပြီး ဘက်စုံရတဲ့ မင်းသား တစ်ယောက်ဖြစ်ချင် တာပါ။ ဇာတ်ကားတွေ ကို မျှအောင် ချိန်ပြီး ရိုက်သွားမှာပါ”လို့ ပြော ပါတယ်။ဇာတ်လမ်းတွေကို မဟော်ဂနီထုတ် လုပ်ရေးက ပဲ ရွေးချယ်ပေးတယ်လို့ ဆိုတာ ကြောင့်….”ပရိသတ်က ဇာတ် လမ်း ကာင်းလေးတွေ၊ အဓိပ္ပာယ် ရှိတဲ့ ဇာတ်လေးတွေ၊ တစ်ခုခု ကို အရသာပေးတဲ့ အနှစ်သာရ ရှိတဲ့ ဇာတ်လေးတွေကြိုက်လာ ကြတယ်။ ပရိသတ်က အဲဒီလိုမျိုး ကားလေးတွေကို ပိုပြီး ကြည့်တယ်။ ပို အားပေးလာတယ်။ ဇာတ်လမ်း တစ်ခုကို ထူးထူးချွန်ချွန်ကြီး ချွန်ပြီးတော့ ပြောင်းဖို့ဆိုတာ ဇာတ်ရုပ်ပြောင်း မှရတာ။ အဲဒီ တော့ ကာရိုက်တာ အရမ်းကြီး ချွန်နေရင်လည်း ပရိသတ် မကြိုက်တာမျိုး ရှိတတ်တယ်။ အဲဒီတော့ ဇာတ်လေး ကိုလည်း ဆန်းအောင် ကာရိုက်တာလေးကို လည်း မထပ်အောင် အဲဒီလို မျိုးလေးပဲ အမျိုးမျိုးပြောင်းနေရ တာပေါ့” လို့ ပြောပြပါတယ်။
မေမွန်မောင်

0 comments :

Post a Comment