ဇူလိုင် ၁၅ ရက်နေ့မှာ Lလွန်းဝါက လေးဇီးကလပ်တီးဝိုင်း နဲ့အတူ အမေရိကကို ဖျော်ဖြေရေးထွက်ခွာသွားပြီဖြစ်ပြီး လေဆိပ်ကို ဇနီးဖြစ်သူနဲ့ သမီးလေးက လိုက်ပို့ပေးပါတယ်။ ဒီအမေရိကခရီးစဉ်အတွက် Lလွန်းဝါက ကြိုတင်ရင်ခုန်မှုရှိခဲ့ပါတယ်။ ဒါကတော့ စာမေးပွဲနဲ့ တိုက်နေလို့ပါပဲ။ ဒါပေမဲ့လည်း စာမေးပွဲဖြေမယ့်ရက်က နောက်ရွှေ့ သွားတဲ့အတွက် Lလွန်းဝါ အတွက် ဒီခရီးစဉ်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် Lလွန်းဝါက ဆရာဝန်ဘွဲ့အတွက် နောက်ဆုံးစာမေးပွဲ လည်း ဖြေဆို အောင်မြင်သွားပြီဖြစ်တဲ့အတွက် ဖျော်ဖြေရေးဘက်ကို ပြန်ပြီးဦးလှည့်နိုင်ခဲ့ပါပြီ။ ကျောင်းတက်စဉ်ကာလမှာ စာမေးပွဲတွေနဲ့ တိုက်နေတဲ့အတွက် ပြည်တွင်းပြည်ပဖျော်ဖြေရေးပွဲတော် တော်များများကို Lလွန်းဝါက ဖျက်ခဲ့ရပါတယ်။ အခု တစ်ခေါက် အမေရိကခရီးစဉ်က ၁ လခွဲလောက်ကြာမှာဖြစ်တဲ့အတွက် သမီးလေးနဲ့ ဇနီးဖြစ်သူကို လွမ်းနေရမှာပါလို့ Lလွန်းဝါက ပြောပါတယ်။ အမေရိကမှာတော့ မြို့ပေါင်း ၁ဝ မြို့ကျော်မှာ ပွဲပေါင်း ၁၂ ပွဲလောက် ဖျော်ဖြေရမှာဖြစ်တဲ့အတွက် ဆိုမယ့် သီချင်းတွေကိုတော့ တော်တော်များ များ ရွေးသွားတယ်လို့ Lလွန်းဝါက ပြောပါတယ်။ သီချင်းအဟောင်းတွေကိုပဲ အဓိကဆို ဖြစ်မှာဖြစ်ပြီး သီချင်းအသစ်ကတော့ နည်းနည်းပဲဆိုဖြစ်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
လင်းအက္ခရာ
0 comments :
Post a Comment