Saturday, May 26, 2012

ကျောင်းသားတစ်ဦးအတွက် ကျောင်းစရိတ်တာဝန်ယူဖို့ ပြေတီဦးဖောင်ဒေးရှင်းမှာ လှူဒါန်းမယ့်


ဝတ်မှုံရွှေရည်က ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့’နင်စေရင်’ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦးနဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားက ဝတ်မှုံရွှေရည် အတွက် တအား ထူးခြားတဲ့ ဇာတ်လမ်း ဖြစ်ပြီး ဇာတ်ရုပ်သုံးဆင့်ပြောင်းပြီး သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ‘နင်စေရင်’ဇာတ်ကားနဲ့ ပတ်သက်ပြီးဝတ်မှုံရွှေရည်က “အခုရိုက်နေတဲ့ ဇာတ်ရုပ်က စပွန်ဆာ အချီကြီးမိသွား တဲ့ ပုံစံမျိုး၊ ဒီဇာတ်ရုပ် မလာခင် ဇာတ်ရုပ်နှစ်ခုရှိသေးတယ်။ နယ်မှာကောင်မ လေးက ရိုးရိုး လေး၊ ဖြူဖြူစင်စင်လေး။ အဲဒီကနေ ကာရာအိုကေ ဆိုင်မှာ အလုပ်လုပ်တယ်။ ဒီကောင်မလေးကို သူများတွေက မိန်းမပျက်လို့ထင်တာပေါ့။ သူ့မှာနာကြည်းချက်တွေရှိတယ်။ ခံစားချက် ရှိတယ်။ ဖုံးကွယ် ထားတာတွေရှိတယ်။ အမာဇာတ်ရုပ်ပေါ့။ ကောင်မလေးရဲ့ဘဝက စရိုက်ဆန်တယ်။ အရင်တုန်းက အဲဒီလို မဟုတ်ဘူး။ ဖြူဖြူစင်စင်လေးနဲ့ သနပ်ခါးပါးကွက် ကြားလေး နဲ့ ဇာတ်ရုပ်သုံးဆင့် ပြောင်းရပါတယ်”လို့ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေကို ပြောပြပါတယ်။ဝတ်မှုံရွှေရည်က ဒီဇာတ်ကားကြီးက သူမအတွက် ခက်ခက်ခဲခဲ၊ ထူးထူြး ခားခြားနဲ့ လုပ်ရမယ့် ဇာတ်ရုပ်ဖြစ်ပြီး အရင်ရိုက်နေကျ သူမပုံစံနဲ့ ကွဲထွက်နေတဲ့ဇာတ်ရုပ်မျိုးကို သရုပ်ဆောင် ရတဲ့အတွက် သဘောကျ၊ ကျေ နပ်မိတယ်လို့ ပြောပါတ ယ်။ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် တာဝန်ကြီးမှု တွေရှိပြီး ပိုပြီး အားစိုက်ထုတ်ထားကြောင်း လည်း ပြောပါတယ်။ ဝတ်မှုံရွှေရည်က ပြေတီဦး ဖောင် ဒေးရှင်းမှာ ကျောင်းသားတစ်ဦး ရဲ့ ကျောင်း စရိတ်ကို တာဝန်ယူ လှူဒါန်းမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ပညာရေး ကုသိုလ်လိုချင်တဲ့အတွက် လှူဒါန်းရခြင်း ဖြစ်ကြောင်းပြောတဲ့ ဝတ်မှုံရွှေရည်က”ကစ်ကစ်က အစက ပြေတီဦး ဖောင်ဒေးရှင်းမှsာ အလှူငွေထည့် ချင်တယ်။ ကုသိုလ်လိုချင်တယ်လို့ ကိုပြေတီဦးကိုပြောတော့ ကျောင်း သားတစ်ဦးကို တာဝန်ယူလိုက်ပါ လားတဲ့။သူစာေ မးပွဲအောင်တဲ့ အထိတာဝန်ယူလိုက်သလိုဖြစ်သွား တာပေါ့။ သူစာမေးပွဲ အောင်သွားတော့လည်း ကုသိုလ်ရတာပေါ့။ ပညာရေး ဒါနလည်းရတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

0 comments :

Post a Comment